မော်ချီးသတ္တုတွင်းရှိ အလုပ်သမားများတွင် လုပ်ငန်းခွင်အဆုတ်ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခြင်းနှင့် သုတေသနပြုလုပ်

လွိုင်ကော်မြို့၊၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၂)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင် ကျန်းမာရေး ဌာနခွဲမှ ဒေါက်တာအောင်မင်းမြတ်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့နှင့် ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ ဒေါက်တာလဲ့ညိုဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော အဖွဲ့တို့သည် ဖားဆောင်းမြို့နယ်၊ မော်ချီးတိုက်နယ် ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းမှ မော်ချီးသတ္တုတွင်း တာဝန်ခံများနှင့် ပူးပေါင်း၍ (၂၀-၁-၂၀၂၀)ရက်နေ့မှ (၂၂-၁-၂၀၂၀)ရက်နေ့အထိ မော်ချီးသတ္တုတွင်းမှ အလုပ်သမား(၁၅၀)ဦးအား လုပ်ငန်းခွင်အဆုတ်ရောဂါ၊တီဘီရောဂါတို့နှင့် ပတ်သက်၍ ရောဂါဖြစ်ပွားမှုနှင့် ကာကွယ်ရေးနည်းလမ်းများကို ကျန်းမာရေးအသိပညာပေး ဟောပြောခြင်း၊ သတ္တုတွင်း အလုပ်သမား (၁၁၄)ဦးအား လုပ်ငန်းခွင်အဆုတ်ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ သုတေသန ပြုလုပ်ခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။ သတ္တုတွင်းလုပ်ငန်းခွင်မှ အလုပ်သမားများ အသုံးပြုနေသော ရေနှင့် ကျေးရွာနေ လူထုအသုံးပြုနေသော ရေတို့ကို ဓါတ်ခွဲစစ်ဆေးရန် ရေနမူနာ (၆)ခု ယူဆောင်ခဲ့ပါသည်။ 

 

More Tags