မွေးကင်းစကလေးပြုစုစောင့်ရှောက်ခြင်းနှင့် မကျန်းမာသော မွေးကင်းစကလေးနှင့်ကလေးအား ပေါင်းစည်းကုသခြင်းလုပ်ငန်း ဆရာဖြစ်သင်တန်း (တိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲအခမ်းအနား မုံရွာမြို့၌ ကျင်းပ

မုံရွာမြို့                      နိုဝင်ဘာလ (၁၂)ရက်

      စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၁၂.၁၁.၂၀၁၈) ရက်နေ့တွင် မွေးကင်းစကလေးပြုစုစောင့်ရှောက်ခြင်းနှင့် မကျန်းမာသောမွေးကင်းစကလေးနှင့် ကလေးအားပေါင်းစည်းကုသခြင်းလုပ်ငန်း (Integrated Management of Newborn and Childhood Illness-IMNCI) ဆရာဖြစ်သင်တန်း (တိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။


 

     အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ၊ သင်တန်းဆရာများ စုစုပေါင်း(၇၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။

     ဆရာဖြစ်သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်(၁၈)မြို့နယ်မှ အခြေခံကျန်းမာရေးဝန်ထမ်းများဖြင့် (၁၂.၁၁.၂၀၁၉) ရက်နေ့မှ (၁၈.၁၁.၂၀၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

More Tags