မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် HIV/AIDS ကာကွယ်ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်မြို့၊ မေလ (၂၄) ရက်

     (၂၄.၅.၂၀၁၉) ရက်နေ့ နံနက် (၉:၃၀) တွင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ HIV/AIDS ကာကွယ်ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် လုပ်ဆောင်လျက်ရှိသော HIV/AIDS ကာကွယ် ကုသရေးလုပ်ငန်းများကို ပိုမိုထိရောက် အောင်မြင်စွာ လုပ်ဆောင်နိုင်စေရန်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ရာ၌ အားသာချက်၊ အားနည်းချက်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

 

     အဆိုပါညှိနှိုင်းဆွေးနွေးပွဲတွင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သီတာဦး၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်များ၊ အထွေထွေအထူးကု သမားတော်များ၊ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးများ၊ ကလေးအထူးကု ဆရာဝန်ကြီးများ၊ ရောဂါဗေဒနှင့် ပိုးမွှားဗေဒအထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊သူနာပြုအုပ်နှင့် သူနာပြုဆရာမကြီးများ၊ ဆေးလူမှုဆက်ဆံရေးအရာရှိများ၊ ရန်ကုန်တိုင်းခုခံကျကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာတင်မောင်ဇော်နှင့် အဖွဲ့ခေါင်းဆောင်ဆရာဝန်များ၊ WHO မှ Field Project Coordinator နှင့် Field Assistance များ စုစုပေါင်း (၆၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

More Tags