မောက်မယ်မြို့နယ်၊ ဈေးတန်းရပ်ကွက်၊ အလက(ခွဲ)၌ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

မောက်မယ်မြို့ ၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၆) ရက်

     မောက်မယ်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြမြသန်း ဦးဆောင်သောအဖွဲ့သည် မောက်မယ်မြို့နယ်၊ ဈေးတန်းရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျောင်းသား၊ ကျောင်းသူများ ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းစေရန်၊ ခြင်ကျားများမပေါက်ပွားစေရန် ရည်ရွယ်ပြီး ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို (၆-၇-၂၀၁၉) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     အဆိုပါဟောပြောပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြမြသန်းက အိမ်ခြံဝန်းအတွင်းရှိ အသုံးပြုနေသော ရေစည်၊ ရေကန်၊ ကျောက်စည်များအတွင်း ပိုးလောက်လန်းများ ပေါက်ဖွားမှုမရှိစေရန် အဘိတ်ဆေးများခတ်ခြင်း၊ မိုးရေတင်ကျန်နိုင်သော ဗူး၊ ခွက်၊ တာယာ စသည်တို့ကို မြေမြှုပ်ခြင်း၊ ဘုရားပန်းအိုးများ ဆေးကြော၍ ရေလဲခြင်း၊ အိမ်သာများစစ်ဆေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း တို့ကို စုပေါင်းဆောင်ရွက်ကြရန် ဟောပြောခဲ့ပါသည်။

More Tags