မိုးကုတ်မြို့ အ.ထ.က (၄) တွင် ကျန်းမာရေး အသိပညာပေး လှုပ်ရှားမှုများ ပြုလုပ်ဆောင်ရွက်

မိုးကုတ်၊ ၂၀၁၉ ခုနှစ် သြဂုတ်လ (၂၀) ရက်

     မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ ၊ လယ်ဦးရပ် အ.ထ.က (၄) အခြေခံပညာအထက်တန်းကျောင်း၌ (၂၀.၈.၂၀၁၉) ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးစိုးကိုကိုလွင်မှ “ရာသီတုပ်ကွေးရောဂါ မိမိကစ ကာကွယ်ပါ” အကြောင်း အသိပညာပေးဟောပြောခြင်း၊ လက်ဆေးနည်းနှင့် ချောင်းဆိုးကျင့်ဝတ်သရုပ်ပြခြင်း၊ ဦးစီးအရာရှိ Dr. ထွန်းလင်းကျော်မှ သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်တုပ်ကွေးရောဂါနှင့် ခြင်ကျားမှတစ်ဆင့် ကူးစက်တတ်‌သောရောဂါများ ကာကွယ်နိုင်သည့်နည်းလမ်းများ (ဖုံး၊ သွန်၊ လဲ၊ စစ်) အကြောင်း ဟောပြောခြင်းတို့ ပြုလုပ်ခဲ့ပါသည်။

 

     ထို့ပြင် ချောင်းကြီးကျေးလက်ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာရေးမှူး၊ အမျိုးသမီးကျန်းမာရေးဆရာမ၊ သားဖွားဆရာမများ၊ ကျန်းမာရေးကြီးကြပ် (၂) တို့နှင့်အတူ မူလတန်းကျောင်းသား/သူ များအား ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် သန်ချဆေးတိုက်ကျွေးခြင်းနှင့် ပျိုရွယ်သူများအား သံဓာတ်အားဆေးများ တိုက်ကျွေးခြင်းတို့ ပြုလုပ်ခဲ့ ပါသည်။

More Tags