ဘားအံမြို့နယ်တွင် သစ်လွင်သားဖွားဆရာမများ လုပ်ငန်းခွင်အကြိုသင်တန်း ကျင်းပပြုလုပ်

ဘားအံမြို့၊ (၂၀၁၉) ခုနှှစ်၊ စက်တင်ဘာလ (၁၄) ရက်

     ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် သစ်လွင်သားဖွားဆရာမများ လုပ်ငန်းခွင်အကြိုသင်တန်းကို ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးတွင် (၁၄.၉.၁၉) မှ (၁၅.၉.၁၉) ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပခဲ့ပါသည်။ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်ခဲ့သော အဆိုပါသင်တန်းကို သစ်လွင်သားဖွားဆရာမပေါင်း (၂၂)ဦး တက်ရောက်သင်ကြားခဲ့ပြီး ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ တာဝန်ရှိသူများမှ သားဖွားဆရာမများအနေဖြင့် လုပ်ငန်းခွင်တွင် သိသင့်သိထိုက်သော ပြည်သူ့ကျန်းမာရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို သင်ကြားပေးခဲ့ပါသည်။

More Tags