ဘားအံမြို့နယ်တွင် VBDC Field Staff Training (State Level) သင်တန်း ပြုလုပ်ကျင်းပ

ဘားအံ၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ (၂၀) ရက်

     ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ကရင်ပြည်နယ်ရှိ ရပကန ဝန်ထမ်းများအတွက် VBDC Field Staff Training (State Level) သင်တန်းကို ပြုလုပ်ကျင်းပလျှက် ရှိရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့် က အဖွင့်အမှာစကားပြောကြား ပေးခဲ့ပါသည်။

 

     ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၁၆) ရက်နေ့မှ (၂၀) ရက်နေ့အထိ ပြုလုပ်ကျင်းပမည့် အဆိုပါသင်တန်းသို့ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များမှ သင်တန်းသား ရပကနဝန်ထမ်း စုစုပေါင်း (၂၃) ဦး တက်ရောက် ကြပြီး ငှက်ဖျားရောဂါကပ်ရောဂါဗေဒ၊ ငှက်ဖျားကူးစက်မှု ပပျောက်ရေး အခြေခံသဘောတရားများ၊ အခြေခံကိမိလဗေဒ၊ သွေးလွန်တုပ်ကွေး၊ ဆင်ခြေထောက်ရောဂါ၊ ဇီကာ၊ ချီကန်ဂွန်ညာနှင့် ဂျပန်ဦးနှောက် အမြှေးရောင်ရောဂါများ အကြောင်း၊ သတင်းအချက်အလက်များ ဖြည့်သွင်းခြင်း၊ စောင့်ကြပ်ထောက်လှမ်းခြင်း၊ ရောဂါဖြစ်ပွားမှုစုံစမ်းခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ အကြောင်း ပို့ချဆွေးနွေးကြသည်။

More Tags