ဘားအံမြို့နယ်တွင် Program Review Workshop on Postabortion Care အခမ်းအနားကျင်းပပြုလုပ်

ဘားအံ၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ (၂၁) ရက်

     အရည်အသွေးပြည့်ဝသော သားပျက်/သားလျှောလူနာပြုစုကုသခြင်း (Dilatation/evacuation and curettage အစား Manual vacuum aspiration လေဖြင့်စုပ်ထုတ်ခြင်းနည်း) ကို ကရင် ပြည်နယ်တွင် ၂၀၁၈ ခုနှစ်မှစတင်၍ Ipas အဖွဲ့အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါသည်။ ထိုအခမ်းအနားအား ဘားအံမြို့နယ် Gabbana Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ကရင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့် က ကရင်ပြည်နယ်အတွင်း မိခင်သေဆုံးမှုများ၊ သားဆက်ခြားနည်းလမ်းများ သုံးစွဲမှုအခြေအနေများကို ပြောကြားပြီး အဖွင့်အမှာစကား ပြောကြားပေးခဲ့ပါသည်။

 

     နေပြည်တော် မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနှင်းနှင်းလွင်မှလည်း အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။ Manual vacuum aspiration လေဖြင့် စုပ်ထုတ်ခြင်းနည်းဖြင့် သားပျက်/သားလျှော လူနာများအား လက်ရှိတွင် ပြုစုကုသပေးနေသော မြို.နယ်အသီးသီးမှ ဆရာဝန်များမှ အသုံးပြုရာတွင် တွေ့ကြုံရသော အခက်အခဲများကို တင်ပြပြီး ထိုအခက်အခဲ များအား မြောက်ဥက္ကလာပမြို.နယ်ဆေးရုံမှ သားဖွားမီးယပ် အထူးကုဆရာဝန် ဒေါက်တာမေစုအောင် က ဖြေရှင်းပေးခဲ့ပါသည်။

 

     သင်တန်းကို ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် (၇) မြို့နယ်မှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ တိုက်နယ်ဆရာဝန်များ၊ သားဖွားမီးယပ်ဆရာဝန်များနှင့် ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲမှ တာဝန်ရှိသူများ စုစုပေါင်း (၃၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

More Tags