ဘားအံမြို့နယ်တွင် Advocacy Meeting for HIV Operational Plan အစည်းအဝေးနှင့် Preliminary Meeting for Getting to Zero Township Assessment အစည်းအဝေးပွဲများ ကျင်းပပြုလုပ်

ဘားအံမြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်

     ကရင်ပြည်နယ်အတွင်း အိတ်ချ်အိုင်ဗွီ ကာကွယ်တားဆီးရေးနှင့် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ Advocacy Meeting for HIV Operational Plan အစည်းအ‌ဝေးနှင့် Preliminary Meeting for Getting to Zero Township Assessment အစည်းအ‌ဝေးပွဲများကို ကရင်ပြည်နယ်၊ ဘားအံမြို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ဩဂုတ်လ ၁၇ ရက်နေ့မှ ဩဂုတ်လ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်နှင့် ကရင်ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့် တို့မှအဖွင့်အမှာစကား ပြောကြားခဲ့ကြပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေး စီမံချက်မှ စီမံချက်မန်နေဂျာ ဒေါက်တာထွန်းညွန့်ဦးမှ Overview of National AIDS Program နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

 

     အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် နှီးနွယ်ဝန်ကြီးဌာနများမှ ဖိတ်ကြားထားသူများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ကော်သူးလေး ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန (KDHW) မှ ကိုယ်စားလှယ်များ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်မှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အဖွဲ့ခေါင်းဆောင်ဆရာဝန်များမှ ပြည်နယ်နှင့်မြို့နယ် HIV situation analysis ကို တင်ပြဆွေးနွေးခဲ့ပြီး ဒေသနှင့်ကိုက်ညီသော Township HIV plan for three townships (ဘားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ် နှင့် မြဝတီမြို့နယ်) ကို သက်ဆိုင်ရာမြို့နယ်များမှ ဆရာဝန်၊ ဆရာ/ ဆရာမများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ ပူးပေါင်းရေးဆွဲခဲ့ကြပါသည်။

 
 

More Tags