ဘားအံမြို့တွင် ၂၀၁၉ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ပြည်နယ်အဆင့် ဖွင့်ပွဲအခမ်းအနားကျင်းပ

ဘားအံမြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်

     ၂၀၁၉ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ပြည်နယ်အဆင့် ဖွင့်ပွဲအခမ်းအနားကို ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် သြဂုတ်လ ၁၂ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်မှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဌာနဆိုင်ရာမှလူကြီးမင်းများ၊ လူမှုအဖွဲ့အစည်းများ၊ NGO/INGOများ၊ ကျောင်းသား/သူများ၊ မူကြိုကလေးငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ စသဖြင့်စုစုပေါင်း ဧည့်သည် ၄၀၀ ခန့်တက်ရောက်ခဲ့ပါသည်။

 

     မူကြိုကလေးငယ်များအား ဗီတာမင်အေဆေးပြားများ တိုက်ကျွေးခြင်းနှင့်လက်ဆောင်ပေးခြင်း၊ ကိုယ်ဝန်ဆောင်များအား သံဓာတ်ဆေးပြားများဖြန့်ဝေခြင်း၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား ဗီတာမင်ဘီဝမ်းဆေးပြားများ ဖြန့်ဝေခြင်းနှင့် လက်ဆောင်ပေးခြင်း၊ ကျောင်းသား/သူများအား သွားပွတ်တံနှင့် သွားတိုက်ဆေးများ ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားပြီးမြောက်ချိန်တွင် အမေးအဖြေကဏ္ဍနှင့် ဂိမ်းအစီအစဉ်များတွင် ကလေးငယ်များ၊ ကျောင်းသား/သူများ နှင့် ကိုယ်ဝန်ဆောင်နို့တိုက်မိခင်များ တက်ကြွစွာပါဝင်ခဲ့ကြပါသည်။

More Tags