ဘားအံမြို့တွင် မြန်မာနိုင်ငံအတက်ရောဂါစီမံချက် လုပ်ငန်းစတင်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ဘားအံမြို့၊ မေလ (၁၄) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုအဖြစ် မြန်မာနိုင်ငံအတက်ရောဂါစီမံချက်၏ ပြည်နယ်အဆင့် အသိပေး ရှင်းလင်း တင်ပြခြင်းနှင့် လုပ်ငန်းစတင်ခြင်း အခမ်းအနားကို ကရင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ၂၀၁၉ ခုနှစ် မေလ (၁၄) ရက် နံနက် (၁၀:၀၀) နာရီတွင် ပြုလုပ်ကျင်းပခဲ့သည်။

 

     အဆိုပါအခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်မှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။ ထို့နောက် ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်လင်းမှ နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံအတက်ရောဂါစီမံချက်မှ စီမံချက်မန်နေဂျာ ပါမောက္ခ ဒေါက်တာစမ်းဦးမှ စီမံချက် လုပ်ငန်းအကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ အတက်ရောဂါဆိုင်ရာ ကျန်းမာရေးပညာပေးဗီဒီယို ကိုပြသပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။

More Tags