ဘားအံမြို့တွင် ပြည်နယ်ကျန်းမာရေးစီမံကိန်းရေးဆွဲခြင်း အလုပ်ရုံဆွေး‌နွေးပွဲ ကျင်းပပြုလုပ်

ဘားအံမြို့၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်

     ကရင်ပြည်နယ်၏ ပြည်နယ်ကျန်းမာရေးစီမံကိန်းရေးဆွဲခြင်း အလုပ်ရုံဆွေး‌နွေးပွဲကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်သဘာဝဟိုတယ်၌ ယနေ့ (၅.၁၁.၂၀၁၉) ရက်နေ့တွင် စတင်ကျင်းပသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ် ပြည်သူ့ကျန်မာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့်က ဤဆွေးနွေးပွဲပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် အမျိုးသားကျန်းမာရေးစီမံကိန်း အကောင်အထည်ဖော်ခြင်းဆိုင်ရာ စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့ မှ ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇင်ထူးက ကျန်းမာရေးစီမံကိန်းရေးဆွဲခြင်းနှင့် စပ်လျဉ်းသောအချက်များအကြောင်း ရှင်းလင်းတင်ပြသည်။

 

     နိုဝင်ဘာ (၅) ရက်နေ့မှစ၍ (၇)ရက်နေ့အထိ သုံးရက်တာ ပြုလုပ်မည့် ဤအလုပ်ရုံအစည်းအဝေးပွဲသို့ ပြည်နယ်ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကျန်းမားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများကိုယ်စားလှယ်များ တက်ရောက်ကြပြီး ကရင်ပြည်နယ်အတွင်းဆောင်ရွက်မည့် ကျန်းမာရေးစီမံကိန်းများကို အတူပူးပေါင်းရေးဆွဲသွာမည် ဖြစ်သည်။

More Tags