ဘားအံမြို့တွင် Orientation Training on Health Promoting School သင်တန်း (ဒုတိယနှစ်) ကျင်းပပြုလုပ်

ဘားအံမြို့၊ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ (၇) ရက်

     စက်တင်ဘာလ ၇ ရက်၊ နံနက် ၉ နာရီတွင် ဘားအံပညာရေးကောလိပ်၊ သီရိခန်းမ၌ Orientation Training on Health Promoting School သင်တန်း (ဒုတိယနှစ်) ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့်မှ သင်တန်းပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းဆရာများအဖြစ် ဒေါက်တာကောင်းဆက်နိုင် အဖွဲ့ခေါင်းဆောင်ဆရာဝန်(အခြေခံကျန်းမာ)၊ ဒေါက်တာရွှေစင်ရတနာသိန်း၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်(မကူးစက်) နှင့် ဒေါက်တာသက်ကိုအောင် ဦးစီးအရာရှိ (သွားကျန်းမာ) တို့မှ ဆွေးနွေးတင်ပြခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ဘားအံပညာရေးကောလိပ် မှ ဆရာ/ဆရာမများနှင့် ဒုတိယနှစ် ကျောင်းသား/သူအယောက် ၅၀၀ခန့်တက်ရောက်ခဲ့ပြီးအခမ်းအနားအပြီးတွင်သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ကြပါသည်။

 
 

More Tags