ဘားအံမြို့၊ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ (၉) ရက်
ကရင်ပြည်နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုမြင့်မားစေရန်ရည်ရွယ်၍ Leadership and Management Training for Basic Health Staff of Kayin State ကို ကရင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Save The Children အဖွဲ့တို့ ပူးပေါင်း၍ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ တော်ဝင်ရတနာဟိုတယ်တွင် (၇.၉.၂၀၁၉) မှ (၈.၉.၂၀၁၉) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၇ မြို့နယ်မှ လက်ထောက်ကျန်းမာရေးမှူးများ၊ အမျိုးသမီးကျန်းမာရေးဆရာမများနှင့် ကျန်းမာရေးကြီးကြပ် (၁)များ စုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ပါသည်။