ဘားအံမြို့တွင် HIV/AIDS ရောဂါနှင့် လိင်မှတဆင့်ကူးစက်သောရောဂါများအကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်

ဘားအံမြို့၊ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ (၇) ရက်

     HIV/AIDS ရောဂါနှင့် လိင်မှတဆင့်ကူးစက်သောရောဂါများအကြောင်း အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ (၇) ရက်၊ နံနက် (၁၀) နာရီတွင် ဘားအံနည်းပညာတက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဘားအံနည်းပညာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်ဇော်လတ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ HIV/AIDS ရောဂါနှင့် လိင်မှတဆင့် ကူးစက်သောရောဂါများအကြောင်းကို ဒေါက်တာအောင်ပြေငြိမ်း၊ အဖွဲ့ခေါင်းဆောင်ဆရာဝန် (ခုခံအားကျ/ကာလသား/မျက်ခမ်းစပ်)မှ ဆွေးနွေးတင်ပြခဲ့ပြီး ဆယ်ကျော်သက်၊ လူငယ်နှင့်မျိုးဆက်ပွားကျန်းမာရေးအကြောင်းကို ဒေါက်တာရွှေစင်ရတနာသိန်း၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်(မကူးစက်)မှ ဆွေးနွေးတင်ပြခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ဘားအံနည်းပညာတက္ကသိုလ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ အယောက် ၃၀၀ ခန့်တက်ရောက်ခဲ့ပြီး အခမ်းအနားအပြီးတွင် ပြည်နယ်(ခုခံအားကျ /ကာလသား)အဖွဲ့မှ ကျောင်းသား/သူများအား သွေးဖောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပါသည်။

More Tags