ဘောလခဲမြို့နယ်တွင် မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုများပြုလုပ်

ဘော်လခဲမြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်

     ကယားပြည်နယ်၊ ဘောလခဲမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် (၁၃.၈.၂၀၁၉) ရက်နေ့၌ မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှု အခမ်းအနားကိုကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဖြိုးဟန်မှ အာဟာရရက်သတ္တပတ်လှုပ်ရှားမှုနှင့် ပတ်သက်သောလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် အာဟာရပြည့်ဝသော ချက်ပြုတ်နည်းသရုပ်ပြခြင်း၊ စံပြမိခင်နှင့် ကလေးပြိုင်ပွဲကျင်းပခြင်းနှင့် ဆုရရှိသောမိခင်များနှင့် ကလေးများကို ဆုအမျိုးအစားပေါင်း (၂၅) မျိုး ချီးမြှင့်ခဲ့ပါသည်။အခမ်းအနားသို့ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း (၁၅၀) ဦးတက်ရောက်ခဲ့ပါသည်။

More Tags