ဘုတလင်မြို့ပေါ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်

ဘုတလင်မြို့၊ (၂၀၂၀)ပြည့်နှစ်၊ ဇန်နဝါရီလ(၁၆)ရက်

     ဘုတလင်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီသည် (၂၀၂၀)ပြည့်နှစ်၊ ဇန်နဝါရီလ (၁၆)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဘုတလင်မြို့ပေါ်ရှိ ဆေးဆိုင်များအား ဆေးဝါးရောင်းချခွင့် လိုင်စင်မရှိဘဲ ရောင်းချနေခြင်း ရှိ/ မရှိ စစ်ဆေးခြင်းနှင့် ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အများပြည်သူများ အားလုံခြုံစိတ်ချရသော ဆေးဝါးများရရှိနိုင်ရန် သက်တမ်းလွန်ဆေးဝါးများ၊ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင် မရှိသော ဆေးဝါးများ မရောင်းချ စေရန်နှင့် ကောင်းမွန်သော ဆေးဝါးထားသိုမှုနှင့် ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ်(GPP)နှင့် အညီ ရောင်းချစေရန် ကြီးကြပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 

More Tags