ဗိုလ်တထောင်မြို့နယ်တွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင် ကာကွယ်ဆေး (PENTA 4) ကို ပုံမှန်ကာကွယ်ဆေးထိုး/တိုက် အစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံတိုက်ကျွေးခြင်း အသိပေး ဆွေးနွေးခြင်း အခမ်းအနား ကျင်းပပြုလုပ်

ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ဇန်နဝါရီလ(၂၇)ရက်

      (၂၀၂၀) ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး (PENTA 4) ကို ပုံမှန်ကာကွယ်ဆေးထိုး/တိုက် အစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံတိုက်ကျွေးခြင်း အသိပေးဆွေးနွေးခြင်းအခမ်းအနား ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းအနားတွင် အမှတ် (၂) မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဇင်မင်းမင်းလတ်က ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင် ကာကွယ်ဆေး (PENTA 4) တို့အကြောင်းဟောပြောခဲ့ပြီး ပုံမှန်ကာကွယ်ဆေးထိုး /တိုက်အစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံတိုက်ကျွေးခြင်းဖြင့် ရရှိလာမည့်အကျိုး ကျေးဇူးများကို ရှင်းလင်း အသိပေးခဲ့ပါသည်။

 


     အခမ်းအနားသို့ ဗိုလ်တထောင်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ထူး၊ အမှတ် (၂) မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသက်ထွန်းဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေး၊ မြို့နယ်လျှပ်စစ်စသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ စုစုပေါင်း (၅၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။

 

More Tags