ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီးတွင် မီးဘေးအန္တရာယ် ပညာပေးသရုပ်ပြပွဲ ဆောင်ရွက်

ဟားခါး၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ (၂၁) ရက်

     ချင်းပြည်နယ်၊ ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီးတွင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့၌ ဖလမ်းခရိုင် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ ဦးဆောင်၍ မီးဘေးအန္တရာယ် ပညာပေးဟောပြောပွဲနှင့် သရုပ်ပြပညာပေးမှုများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ပညာပေးသရုပ်ပြပွဲသို့ ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီးနှင့် ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

More Tags