ဖလမ်းမြို့နယ်သို့ တီဘီရောဂါနယ်လှည့် ကွင်းဆင်းရှာဖွေရေးဆောင်ရွက်

ဖလမ်းမြို့၊၂၀၁၉ခုနှစ်၊အောက်တိုဘာလ(၂၉)ရက်

     ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တီဘီရောဂါနယ်လှည့်ကွင်းဆင်းရှာဖွေရေးအဖွဲ့နှင့် ဖလမ်းမြို့နယ် တီဘီရောဂါတိုက်ဖျက်ရေးဌာနတို့ပူးပေါင်း၍ ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ(၁၆) ရက်နေ့မှ (၂၀)ရက်နေ့အထိ ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ်မြို့၊ သီအိုချောင်းကျေးရွာ၊ ခေါထီရ်ကျေးရွာ၊ စတောမ်ကျေးရွာနှင့် လေးလက်ကျေးရွာတို့တွင် တီဘီရောဂါနယ်လှည့်ကွင်းဆင်းရှာဖွေ ကုသရေး လုပ်ငန်းများ ပြုလုပ်ခဲ့ပါသည်။


     ကျေးရွာများမှ လာရောက်ပြသသူ စုစုပေါင်း(၄၃၃)ဦးအား အထွေထွေရောဂါဆေးကုသခြင်း များ ပြုလုပ်ပေးနိုင်ခဲ့ပါသည်။ စစ်ဆေးမှုခံယူသူ (၄၃၃)ဦးအနက် (၄၀၃)ဦးအား အခမဲ့ ဓါတ်မှန်ရိုက် ပေးခြင်း၊ တီဘီသံသယလူနာ(၄၇)ဦးအား သလိပ်စစ်ဆေးမှုများ ပြလုပ်ပေးခဲ့ရာ တီဘီရောဂါ ပို့တွေ့လူနာ(၆)ဦးရှိ၍ အခမဲ့ဆေးဝါးကုသပေးမှု ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ထို့ပြင် အသက်(၄၀)နှစ်နှင့်အထက် လူနာများအား ဆီးချိုသွေးချိုစစ်ဆေးပေးခြင်းနှင့် သွေးတိုးရောဂါရှိမရှိ သွေးပေါင်ချိန်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

More Tags