ဖားဆောင်းမြို့နယ်၊ မော်ချီးသို့ ကွင်းဆင်းကြီးကြပ်ခြင်း

လွိုင်ကော်မြို့၊ ဒီဇင်ဘာ (၂၅)ရက်

     ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးတိုက်နယ်ကျန်းမာရေးဌာနနှင့် လိုခါးလိုတိုက်နယ် ဆေးရုံများသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသန္တာလွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ဒေါက်တာသဲဦးခိုင်၊ ဦးစီးအရာရှိ(ကာကွယ်ဆေးထိုးလုပ်ငန်း)၊ ဒေါက်တာတင်ဝမ်း၊ ဒု-ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာအိဖြူသွယ်၊ ဖားဆောင်းမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးတို့သည် (၂၃-၁၂-၂၀၁၈)ရက်နေ့တွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့်ပတ်သက်၍ ကွင်းဆင်းကြီးကြပ်ခဲ့ပါသည်။

 

     ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံပြီး ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ နှင့် ကုသပေးမှု အခြေအနေများ၊ ကာကွယ်ဆေးထိုး / NCD လုပ်ငန်းများဆောင်ရွက်မှုနှင့် အစီရင်ခံမှုအခြေအနေများ၊ ဆေးဝါးလုံလောက်မှု နှင့် ဝန်ထမ်းအင်အား အခြေအနေများကို ကွင်းဆင်း ကြီးကြပ်ခဲ့ပါသည်။

More Tags