ဖောင်းပြင်မြို့၊ အခြေခံအလယ်တန်းကျောင်း (တပ်နယ်)တွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ဆောင်ရွက်

ခန္တီးမြို့၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်

     ၂၀၁၉ ခုနှစ် သြဂုတ်လ (၁၆) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့၌ ကျန်းမာရေးမှူးအဆင့် (၁) ဉီးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများသည် ၂၀၁၉ ခုနှစ် သြဂုတ်လ ဒုတိယအပတ် အတွင်း ဆောင်ရွက်လျက်ရှိသော ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ပါသည်။

 

     အဆိုပါ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ဖောင်းပြင်မြို့၊ အလယ်တန်း ကျောင်း (တပ်နယ်) တွင် ကျောင်းသားကျောင်းသူများအား အာဟာရအုပ်စု(၃)မျိုးနှင့် ပတ်သက်၍ ကျန်းမာရေးပညာပေးခြင်း၊ ပျိုရွယ်သူကျန်းမာရေးနှင့် ပတ်သက်၍ ပညာပေးခြင်း၊ စနစ်မှန်သွားတိုက်ခြင်းနှင့် ပတ်သက်၍ သရုပ်ပြပညာပေးခြင်း၊ ကျောင်းသားကျောင်းသူ (၁၈၂)ဉီးကို ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

More Tags