ဖောင်းပြင်မြို့နယ် ဟဲလှော်ကျေးလက်ကျန်းမာရေးဌာနခွဲ စံကိုက်အဆောက်အဦးသစ် ပေးအပ်ဖွင့်လှစ်ပွဲ

ဖောင်းပြင် ဇန်နဝါရီလ (၁၇) ရက်

     စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ် ကရားကျေးလက်ကျန်းမာရေးဌာန ဟဲလှော်ကျေးလက်ကျန်းမာရေးဌာနခွဲ စံကိုက်အဆောက်အဦးသစ် ဆောက်လုပ်ပြီးစီးမှု ပေးအပ်ဖွင့်လှစ်ပွဲအခမ်းအနားကို (၁၂.၁.၂၀၁၉)ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် အဆောက်အဦးသစ်အား တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

 

     ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး(ပြည်သူ့ကျန်းမာ)နှင့် ဖောင်းပြင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌတို့က အမှာစကားများ ပြောကြားခဲ့ပါသည်။

More Tags