ဖောင်းပြင်မြို့နယ်တွင် မိခင်မှ ကလေးသို့ ခုခံကျကာလသားရောဂါကူးစက်မှု ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ မွမ်းမံသင်တန်းကျင်းပ

ဖောင်းပြင်မြို့၊ မေလ (၂၃)ရက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်တွင် တိုင်းဒေသကြီးခုခံကျကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ ဉီးဆောင်၍ အခြေခံကျန်းမာရေးဝန်ထမ်းများအား မိခင်မှကလေးသို့ ခုခံကျကာလသား ရောဂါကူးစက်မှု ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ မွမ်းမံသင်တန်းကို (၂၂.၅.၂၀၁၉) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းကျင်းပရခြင်းမှာ အိပ်ချ်အိုင်ဗွီပိုးကူးစက်မှု ကာကွယ်တားဆီးရေး လုပ်ငန်းများတွင် တစ်ခုအပါအဝင်ဖြစ်သော မိခင်မှကလေးသို့ အိပ်ချ်အိုင်ဗွီပိုးကူးစက်မှုမှ ကာကွယ်ခြင်း လုပ်ငန်းသည် National Strategic Plan ၏ Strategic Direction တစ်ခုဖြစ်သော အိပ်ချ်အိုင်ဗွီပိုးအသစ်ဖြစ်ပွားမှု လျှော့ချရေးအတွက် လုပ်ငန်းများကို အခြေခံ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ထိရောက်စွာဆောင်ရွက် နိုင်စေရန်ဖြစ်ပါသည်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့်လည်း ၂၀၂၅ခုနှစ်တွင် PMTCT လုပ်ငန်းများအတွက် EMTCT (Elimination of Mother to Child HIV/Syplilis) ဆောင်ရွက်ရန် လမ်းစဉ်ချမှတ် ဆောင်ရွက်လျက်ရှိသည့်အတွက် ရည်မှန်းချက်များ ပြည့်မီအောင် အခြေခံကျန်းမာရေး ဝန်ထမ်းများအနေဖြင့် သင်တန်းမှချမှတ်ထားသော လမ်းညွှန်ချက်များ၊ SOP များကို မှန်ကန်စွာ အသုံးချပြီး ရည်မှန်းချက် အောင်မြင်ရေးအတွက် အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားရန် ရည်ရွယ်၍ သင်တန်းကျင်းပရခြင်းဖြစ်ပါသည်။

More Tags