ပင်လောင်းမြို့နယ်၊ တီကျစ်တိုက်နယ်ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများမှ လမ်းလုပ်သားများအား ကျန်းမာရေးပညာပေးဟောပြော

ပင်လောင်းမြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်    

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ တီကျစ်တိုက်နယ်ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများသည် ဩဂုတ်လ ၂၃ ရက်နေ့တွင် လင်းလက်အောင်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သည့် လှည်းကုန်း-မိုးနဲသရဖူလမ်းနှင့် ခေတ်ကမ္ဘာဆောက်လုပ် ရေးကုမ္ပဏီမှ ဆောက်လုပ်သည့် မိုးနဲသရဖူ-ကျားတွန် လမ်းဖောက်လုပ်နေသည့် လမ်းဖောက်လုပ်ရေးစီမံကိန်းမှ လမ်းလုပ်သားများအား  သွေးလွန်တုပ်ကွေးရောဂါ၊ ရာသီတုပ်ကွေးရောဂါနှင့် ခုခံအားကျဆင်းမှုကူးစက်ရောဂါ (HIV/AIDS) အကြောင်း ကျန်းမာရေးပညာပေးဟောပြောခဲ့ပါသည်။

 

More Tags