ပင်လောင်းမြို့၊ ထီတလိကျေးရွာတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေးပညာပေးခြင်းများ ဆောင်ရွက်

ပင်လောင်းမြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် ဩဂုတ်လ (၂၁) ရက်နေ့၌ ဆောင်းပြောင်း ကျေးလက်ကျန်းမာရေးဌာန၊ တင်းထက်ကျေးလက်ကျန်းမာရေးဌာနခွဲအောက်ရှိ ထီတလိကျေးရွာသို့ သွားရောက်ပြီး ရွာသူရွာသား (၁၇၅) ဦးအား ကျန်းမာရေးစစ်ဆေးပေးခဲ့ရာ ဖျားနာသူ (၈၃) ဦးရှိပြီး သွေးလွန်တုပ်ကွေး သံသယရှိသူ လူနာ (၂၂) ဦးအား ဆေးရုံသို့လွှဲပြောင်းပေးခဲ့ပါသည်။ ထို့နောက် ရွာသူရွာသား (၂၅၀) ဦးအား သွေးလွန်တုပ်ကွေးရောဂါအကြောင်း ကျန်းမာရေးပညာပေးဟောပြောခြင်း၊ အခြေခံပညာမူလတန်း ကျောင်းသို့သွားရောက်ပြီး ခြင်ဆေးမှုတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

More Tags