ပင်းတယမြို့နယ်၊ တောင်ရွှေပုထိုး ကျေးလက်ကျန်းမာရေးဌာနခွဲအပိုင် အုံအက်ကျေးရွာတွင် ပျိုရွယ်သူမျိုးဆက်ပွား ကျန်းမာရေးနှင့် 2019 Novel Coronovirus (2019-nCoV) ရောဂါအကြောင်း ကျန်းမာရေး ပညာပေးဆာင်ရွက်

ပင်းတယမြို့၊ ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ(၂၈)ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပင်းတယမြို့နယ်၊ တောင်ရွှေပုထိုးကျေးလက်ကျန်းမာရေးဌာနခွဲမှ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) ဦးပြည့်ဖြိုးအောင်သည် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အုံအက်ကျေးရွာသို့ သွားရောက်ပြီး ကျန်းမာရေးပညာပေး လုပ်ငန်းဆောင်ရွက်ရာ စေတနာ့ဝန်ထမ်းများနှင့် ကျေးရွာသူ၊ကျေးရွာသားများ တက်ရောက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ပျိုရွယ်သူမျိုးဆက်ပွား ကျန်းမာရေးနှင့် သားဆက်ခြား နည်းလမ်းများ အကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စတင်ဖြစ်ပွားသော 2019 Novel Coronovirus(2019-nCoV) ပိုးကြောင့် ဖြစ်ပွားသော ပြင်းထန်အဆုတ်ရောင် ရောဂါအကြောင်းနှင့် ဆောင်ရန်ရှောင်ရန်များ အသိပညာပေး ဟောပြောခဲ့ပါသည်။

 

More Tags