ပုသိမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ (COVID-19) ကာကွယ်ထိန်းချုပ်ရေး(တတိယ)နေ့အဖြစ် ဆောင်ရွက်

ပုသိမ်မြို့၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၂၅) ရက်

     ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ၂၅.၃.၂၀၂၀ ရက်နေ့တွင် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် တိုင်းကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်ကျန်းမာရေး၀န်ထမ်းများ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် ကြက်ခြေနီတပ်ဖွဲ့၀င်များပါ၀င်ပြီး အငြိမ်းစားပင်စင်ထုတ်ယူနေကြသော ပင်စင်စားများအား (COVID-19) ကာကွယ် ထိန်းချုပ်ရေးနှင့် အသိပညားပေးခြင်းတို့ကို (တတိယ)နေ့အဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

 

More Tags