ပုသိမ်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် အာဟာရစုံလင်အောင် ချက်ပြုတ်သရုပ်ပြပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပုသိမ်၊ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၂၀) ရက်

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် (၂၀-၈-၂၀၁၉) ရက်နေ့၌ ဧရာ၀တီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် “အာဟာရအုပ်စု စုံလင်အောင် ချက်ပြုတ်သရုပ်ပြပွဲ အခမ်းအနား”ကို ကျင်းပပြုလုပ်ခဲ့ရာ ဧရာ၀တီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန (မိခင်ကလေး၊ ကျောင်းကျန်းမာ ၊အာဟာရ)ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာရွှေစင်ဦး က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

 

     ထို့နောက် မြို့နယ်သူနာပြုဆရာမကြီးမှ သရုပ်ပြချက်ပြုတ်ခဲ့ပြီး တိုင်းဒေသကြီး အာဟာရအဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာခင်မြတ်ဆွေမှ တက်ရောက်လာသော ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များမှ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ပါသည်။ ၎င်းနောက် မြို့နယ်ပြည်သူ့ကျန်းရေးဦးစီးဌာနမှူး ဒေါက်တာတင်ဝင်းအောင်မှ နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ ပါသည်။

More Tags