ပုသိမ်မြို့နယ်ပေါ်ရှိ စျေးများအတွင်း သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ပုသိမ်၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၇) ရက်

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ပေါ်ရှိ စျေးများဖြစ်သော အောင်ဧရာစျေး၊ အောင်သီရိစျေး၊ ဧရာမင်းစျေးနှင့် ကမ်းနားစျေးများတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များပါဝင်ပြီး (၁၀-၇-၂၀၁၉) ရက်နေ့၌ စျေးသူ/ စျေးသားများအား သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးပိုစတာများ၊ လက်ကမ်းစာစောင်များနှင့် စတစ်ကာများ ဖြန့်ဝေပေးခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

More Tags