ပုသိမ်မြို့တွင် ကဏ္ဍပေါင်းစုံပါ၀င်သော အမျိုးသားအာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပုသိမ်မြို့၊ (၂၀၁၉) ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်

     တိုင်းဒေသကြီးအဆင့် ကဏ္ဍပေါင်းစုံပါ၀င်သော အမျိုးသား အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်း အလုပ်ရုံဆွေနွေးပွဲ (MS-NPAN) ကို (၈-၇-၂၀၁၉)ရက်နေ့မှ (၁၀-၇-၂၀၁၉) ရက်နေ့အထိ ပုသိမ်မြို့ SHEKINAH Hotel တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားဖွင့်ပွဲတွင် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ သန်းထွန်းအောင်မှ အဖွင့်အမှာစကားပြေားကြားပါသည်။


 

     အဆိုပါဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ ပညာရေး၀န်ကြီးဌာန၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး၀န်ကြီးဌာနတို့မှ တာ၀န်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။

More Tags