ပုသိမ်ကြီးမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးစကားဝိုင်း ကျင်းပပြုလုပ်ခြင်းနှင့် ဆေးခန်းဖွင့်လှစ်ကုသခြင်းများ ဆောင်ရွက်

မန္တလေး၊ မေလ (၁၉) ရက်

     ၂၀၁၉ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏လမ်းညွှန်ချက်ဖြင့် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ပြည်သူလူထုများနှင့် ကျန်းမာရေး စကားဝိုင်းပြုလုပ်ခြင်း၊ ဆေးခန်းဖွင့်လှစ်ကုသခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ တက်ရောက်လာသော ပြည်သူလူထုများနှင့် ကျန်းမာရေးစကားဝိုင်းပြုလုပ်၍ ပြည်သူလူထုများ ရင်ဆိုင်ကြုံတွေ့နေကြရသည့် အဓိကကျန်းမာရေးပြဿနာများကို ရှာဖွေဖော်ထုတ်ဆွေးနွေးခဲ့ကြပြီး သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးချို/ဆီးချိုစစ်ဆေးပေးခြင်း၊ BMI တွက်ချက်ပေးခြင်း၊ အခမဲ့ဆေးကုသပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ ကျန်းမာပညာလက်ကမ်းစာစောင်များ ဝေငှခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ စုစုပေါင်းပြည်သူလူထု (၈၅) ဦးအား သွေးတိုးနှင့် ဆီးချိုရောဂါများ ရှာဖွေစစ်ဆေးကာ ဆေးကုသမှုပေးခဲ့ပါသည်။

 

     အဆိုပါကွင်းဆင်းဆေးကုသမှုအား ဒုတိယတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (စီမံ/ဘ႑ာ) ဦးဆောင်၍ မကူးစက်နိုင်သောရောဂါနှိမ်နင်းရေးဌာနခွဲ လက်ထောက် ညွှန်ကြားရေးမှူး၊ ကျန်းမာပညာဌာနခွဲမှ အဖွဲ့ခေါင်းဆောင်ဆရာဝန်၊ မန္တလေးခရိုင်နှင့် ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပါဝင် ဆောင်ရွက် ခဲ့ကြပါသည်။

More Tags