ပုသိမ်ကြီးမြို့နယ်တွင် တိုင်းဒေသကြီး ရပကန (ငှက်ဖျား) ဌာန ဦးဆောင်မှုဖြင့် လူနာအိမ်အခြေပြု သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မန္တလေးမြို့၊ (၂၀၁၉) ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်

     မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင်ခြေရှိ သစ္စဝေဒဂူ မိဘမဲ့ကလေးသူငယ်ပြုစုရေးနှင့် ဘုန်းတော်ကြီးသင်ကျောင်းတွင် လူနာအိမ် အခြေပြု သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေး ကွင်းဆင်းမှုကို မန္တလေးတိုင်းဒေသကြီး ရပကန (ငှက်ဖျား) ဌာနမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာတင့်ဝေ ဦးဆောင်မှုဖြင့် ပုသိမ်ကြီးမြို့နယ် အခြေခံကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ နှီးနွှယ်ဌာနများမှ ဝန်ထမ်းများ၊ ကျောင်းနေစေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

 

     ကွင်းဆင်းဆောင်ရွက်စဉ် သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု ဟန့်တားနိုင်ရန်အတွက် လိုအပ်သော ဖုံး၊ သွန်၊ လဲ၊ စစ် ကာကွယ်ရေးလုပ်ငန်းများ အပါအဝင် ပိုးလောက်လန်း ရှာဖွေစစ်ဆေးခြင်း၊ ရေလှောင်ကန်များအတွင်း ပိုးလောက်လန်းသေဆေး အဘိတ်(Abate) ခတ်ပေးခြင်း၊ ရေလှောင်ကန်များအတွင်း လောက်လန်းစားငါးထည့်ခြင်း၊ ခြင်ထောင်များအား ဆေးစိမ်ပေးခြင်း၊ လက်ကမ်းစာစောင်၊ ဗီနိုင်း၊ ပိုစတာများ အသုံးပြု၍ ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါပိုးသယ်ဆောင်သော သက်ကြီးကောင် ခြင် သေစေနိုင်ရန်အတွက် ခြင်ဆေးမှိုင်း မှုတ်ခြင်း အစရှိသော ကာကွယ်နှိမ်နင်းရေးများကို ပူးပေါင်းကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

More Tags