ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးထိုးနှံ ခြင်းလုပ်ငန်း ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဟားခါး၊ ၂၀၁၉ခုနှစ်၊အောက်တိုဘာလ(၂၅)ရက်

     ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် ချင်းပြည်နယ် ဟားခါးမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်-ဂျိုက်သိုး ရောဂါကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးထိုးနှံခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီယိုး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံနှင့် Unicef မှ ဦးပြောင်ဆွင်းမုန်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဟားခါးခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ INGOs, NGOs အဖွဲ့များ၊ ဆရာဝန်ကြီးများ၊ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ပါသည်။

 

More Tags