ပျိုရွယ်သူမျိုးဆက်ပွား ကျန်းမာရေးအသိပညာပေးလှုပ်ရှားမှုဆောင်ရွက်

ဟားခါး၊ ၂၀၁၉ခုနှစ်၊အောက်တိုဘာလ(၂၅)ရက်

      ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျောင်းကျန်းမာရေးဌာနခွဲမှ အဖွဲ့ခေါင်းဆောင် ဆရာဝန် ဒေါက်တာထန်နှင်းလျန် ဦးဆောင်သောအဖွဲ့သည် ချင်းပြည်နယ် ထန်တလန်မြို့ ပေါ်ရှိ ကျောင်းများတွင် ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ(၂၃)ရက်နေ့မှ (၂၅)ရက်နေ့အထိ မျိုးဆက်ပွား ကျန်းမာရေး အသိပညာပေးလှုပ်ရှားမှု ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ လှုပ်ရှားမှုတွင် ထန်တလန်မြို့ပေါ် အခြေခံပညာအထက်တန်းကျောင်း အမှတ်(၁)မှ ကျောင်းသား/သူပေါင်း (၅၄၀)ဦး၊  အခြေခံပညာအထက်တန်းကျောင်း အမှတ်(၂)မှ (၂၄၀)ဦး၊ အမှတ်(၁)မူလွန်ကျောင်းမှ (၇၈)ဦး၊ အမှတ်(၂) မူလွန်ကျောင်းမှ (၅၀)ဦး ကျောင်းသား/သူပေါင်း စုစုပေါင်း(၉၀၈)ဦးအား ပျိုရွယ်သူမျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ပါသည်။
 

 

More Tags