ပိုမိုထိရောက်သည့် အိပ်ချ်အိုင်ဗွီ ကာကွယ်တားဆီးရေးနှင့် ကုသရေးလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်မြို့                         နိုဝင်ဘာလ(၁၄)ရက်

 

     ရန်ကုန်တိုင်းဒေသကြီးအတွင်း ပိုမိုထိရောက်သည့် အိပ်ချ်အိုင်ဗွီ ကာကွယ်တားဆီးရေး နှင့် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်အတွက် ဦးစားပေးအဆင့် သတ်မှတ်ခြင်းနှင့် လုပ်ငန်းအစီအစဉ်ရေးဆွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ (၁၄.၁၁.၂၀၁၈)ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ဆရာစံလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်ရှိ သမဝါယမခန်းမ (Cooperative Business Center) တွင် ကျင်းပခဲ့ပါသည်။


 

     အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦစီးဌာနမှူး ဒေါက်တာထွန်းမြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အမျိုးသားခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက် မန်နေဂျာ ဒေါက်တာထွန်းညွန့်ဦး၊ ဒုတိယတိုင်းဒေသကြီးကျန်းမာရေး ဦးစီးဌာနမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာခင်နန်းလုံနှင့် အမျိုးသားခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာတင်မောင်ဇော်တို့ တက်ရောက်ခဲ့ကြ ပါသည်။


 

     အစည်းအဝေးသို့ ခရိုင်နှင့်မြို့နယ်များမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ဆေးရုံကြီးများမှ ကိုယ်စားလှယ်များ၊ နှီးနွယ်ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြ ပါသည်။

More Tags