ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး သင်တန်း ကျင်းပပြုလုပ်

လွိုင်ကော်၊၂၀၁၉ ခုနှစ်၊ဒီဇင်ဘာလ(၂၄)ရက်

     ကယားပြည်နယ်၊ လွိုင်ကော်မြို၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (၂၃-၁၂-၂၀၁၉) ရက်နေ့မှ (၂၄-၁၂-၂၀၁၉)ရက်နေ့အထိ ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး သင်တန်း (State Level ToT Training on Disaster Preparedness and Response )    ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်မှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဝမ်းနှင့် သင်ကြားရေးတာဝန်ခံများမှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးနှင့်ပတ်သက်၍ သင်တန်းပို့ချခဲ့ပါသည်။ သင်တန်းသို့ လွိုင်ကော်ဆေးရုံအုပ်ကြီး၊ ခရိုင်၊မြို့နယ်များမှ ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း (၄၀)ဦး တက်ရောက် ခဲ့ပါသည်။

 

More Tags