ပြည်နယ်အဆင့် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း (၂၀၁၈) ဆန်းစစ်ဆွေးနွေးပွဲ စစ်တွေမြို့၌ ကျင်းပ

စစ်တွေမြို့၊ မတ်လ (၂၁) ရက်

     လူသားအားလုံးလက်လှမ်းမီနိုင်သော ကျန်းမာရေး စောင့်ရှောက်မှုရရှိရန် ရေးဆွဲသော အမျိုးသားကျန်းမာရေးစီမံကိန်းတွင် ပါဝင်သည့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပြည်သူလူထုအား လက်လှမ်းမီ အရည်အသွေးပြည့် ရရှိစေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း (၂၀၁၈) ဆန်းစစ် ဆွေးနွေးပွဲကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၂၁.၃.၂၀၁၉) ရက်နေ့ နံနက် (၉) နာရီတွင် ပြုလုပ်ကျင်းပပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ‌ဒေါက်တာကြည်လွင် က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

     ဆန်းစစ်ဆွေးနွေးပွဲကို (၂၁.၃.၂၀၁၉) ရက်နေ့ မှ (၂၂.၃.၂၀၁၉) ရက်နေ့အထိ (၂) ရက်တာ ပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်များ၊ ပြည်နယ် အတွင်း မြို့နယ် (၁၇) မြို့နယ်မှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့်တာဝန်ခံများ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ခံများ စုစုပေါင်း (၆၅) ဦး တက်ရောက်ဆွေးနွေးကြပါသည်။.

 

More Tags