ပြည်နယ်အဆင့် လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲ(၂၀၁၉) ကျင်းပ

ဟားခါး၊ ၂၀၂၀ ပြည့်နှစ်၊မတ်လ(၁၈)ရက်

     ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်အဆင့် လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲ (၂၀၁၉)ကို ၂၀၂၀ပြည့်နှစ်၊ မတ်လ(၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ချင်းပြည်နယ် ပြည်နယ် ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ယင်းဆွေးနွေးပွဲတွင် ချင်းပြည်နယ်ရှိ မြို့နယ်များမှ ဆေးရုံအုပ်ကြီးများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးများ၊ မြို့နယ်ကျန်းမာရေးမှူး၊ ကျန်းမာရေးမှူး(၁)များ၊ မြို့နယ်သူနာပြု (၁)များ၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင်ဆရာဝန်များ၊  ဌာနခွဲအလိုက် တာဝန်ရှိဝန်ထမ်းများ တက်ရောက်ပါသည်။


     ၂၀၁၉ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို မြို့နယ်အလိုက် ဆန်းစစ်မှုများ ပြုလုပ်၍ လုပ်ငန်း ဆောင်ရွက်နိုင်မှုများပေါ်မူတည်၍ လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း (၂၀၁၉)ကောင်းမွန်စွာ ဆောင်ရွက်နိုင်မှု၊  စာရင်းဇယားများ ပြည့်စုံမှန်ကန်စွာ ဆောင်ရွက်မှုများအား အခြေခံ၍ ဆုချီးမြှင့်မှုများ ဆောင်ရွက်ခဲ့ရာ ကန်ပက်လက် မြို့နယ်မှ ပထမဆုကိုလည်းကောင်း၊ တီးတိန်မြို့နယ်မှ ဒုတိယဆုကိုလည်းကောင်း၊ ပလက်ဝမြို့နယ်မှ တတိယဆုကို လည်းကောင်း အသီးသီးဆုရရှိကြသဖြင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးက ဂုဏ်ပြု လက်မှတ်နှင့် ဆုငွေများအား ချီးမြှင့်ပေးခဲ့ပါသည်။

More Tags