ပြည်နယ်အဆင့် ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးထိုးနှံခြင်းလုပ်ငန်း Polio-MR Sub-NID အသိပေးဆွေးနွေးပွဲ အခမ်းအနားပြုလုပ်

ဟားခါး၊ (၂၀၁၉) ခုနှစ်၊ အောက်တိုဘာ(၇)ရက်

      ပြည်နယ်အဆင့် ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးထိုးနှံခြင်းလုပ်ငန်း Polio-MR Sub-NID အသိပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၇)ရက်နေ့ နေ့လယ်(၁:၀၀)နာရီအချိန်တွင် ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အဖွင့်မိန်းခွန်းမြွက်ကြားပါသည်။ ထို့နောက်  ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံက Polio-MR Sub-NID နှင့် ပတ်သက်၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတင်ပြပြီး ဒေါက်တာဖွေးဖွေး အဖွဲ့ခေါင်းဆောင်ဆရာဝန်(တိုးချဲ့ကာကွယ်ဆေး/ကူးစက်)က Polio Sub-NID ဆိုင်ရာများအား ရှင်းလင်းတင်ပြပါသည်။


     အဆိုပါ ဆွေးနွေးပွဲတွင် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟားခါးခရိုင်မှ ဌာနဆိုင်ရာများ၊ ချင်းပြည်နယ် မြို့နယ်များမှ ဆေးရုံအုပ်ကြီး၊ ဆေးရုံအုပ်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးများ၊ မြို့နယ်ကျန်းမာရေးမှူးများ၊ ကျန်းမာရေးမှူး(၁)များ၊ မြို့နယ်သူနာပြုဆရာမကြီးများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် ဖိတ်ကြားထားသော INGO/ NGO မှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။

More Tags