ပြည်နယ်အဆင့် ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ကြီးကြပ်ရေးကော်မတီအဖွဲ့ စစ်တွေမြို့တွင် ကွင်းဆင်းစစ်ဆေး

စစ်တွေမြို့၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်

     ရခိုင်ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင် ဦးဆောင်ပြီး စစ်တွေအထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာမိုးမြင့်ဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစန်လင်းတို့ပါဝင်သော ပြည်နယ်ပုဂ္ဂလိကကျန်းမာရေး‌စောင့်‌ရှောက်မှု ကြီးကြပ်ရေးကော်မတီအဖွဲ့သည် (၂၀၁၉) ခုနှစ်၊ အောက်တိုဘာလ(၃၀) ရက်နေ့၊ နံနက် (၉) နာရီမှ (၁၁) နာရီ အချိန်အတွင်း စစ်တွေမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံ/ခန်းများဖြစ်သော ထွန်းအထွေထွေရောဂါကုဆေးရုံ၊ မဟာဓာတ်ခွဲခန်း၊ ဆုပြည့်စုံအထွေထွေ ရောဂါကုဆေးခန်းတို့အား ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

 

More Tags