ပြည်နယ်အဆင့် HIV/AIDS ရောဂါကာကွယ်ကုသရေးလုပ်ငန်း စီမံကိန်းရေးဆွဲခြင်း အသိပေးရှင်းလင်းပွဲနှင့် တာချီလိတ်မြို့နယ်အတွင်း HIV/AIDS ရောဂါကာကွယ်ကုသရေးလုပ်ငန်းများအတွက် စီမံကိန်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

တာချီလိတ်မြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၉) ရက်

     ပြည်နယ်အဆင့် HIV ရောဂါကာကွယ်ကုသရေးလုပ်ငန်း စီမံကိန်းရေးဆွဲခြင်း အသိပေးရှင်းလင်းပွဲနှင့် တာချီလိတ်မြို့နယ်အတွင်း HIV ရောဂါကာကွယ်ကုသရေးလုပ်ငန်းများအတွက် စီမံကိန်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို (၉.၈.၂၀၁၉) ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ Hotel Tachileik ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အသိပေးရှင်းလင်းပွဲ အခမ်းအနားတွင် တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှူး ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က အမှာစကားပြောကြားခဲ့ပါသည်။

More Tags