ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ကျိုင်းတုံ)တွင် နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း အသိပေးဆွေးနွေးပွဲကျင်းပ

ကျိုင်းတုံမြို့၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ကျိုင်းတုံ)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် (၂၀-၁၁-၂၀၁၉) ရက်နေ့က နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း အသိပေးဆွေးနွေးပွဲကျင်းပခဲ့ပါသည်။ အဆိုပါ အသိပေးဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာကျော်ကျော်လင်းမှ အဖွင့်အမှာ စကားပြောကြားပြီး ဆက်လက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ပထမအကြိမ်အဖြစ် မြို့နယ်(၈)မြို့နယ်တွင် ဆောင်ရွက်ခဲ့ပြီး၊ဒုတိယအကြိမ်အဖြစ် ယခု လာမည့် နိုဝင်ဘာလ၊ (၂၆)ရက်နေ့မှ(၂၈)ရက်နေ့ အတွင်း မြို့နယ်(၂)မြို့နယ်တွင် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း ထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ဒေါက်တာကျော်ကျော်လင်းမှ ၂၀၁၉ခုနှစ်၊ အောက်တိုဘာလအတွင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊မြို့နယ်(၈)မြို့နယ်တွင် ဆောင်ရွက်ခဲ့သော ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း ထိုးနှံခြင်းလုပ်ငန်းမှ တွေ့ရှိချက်များ၊ အားသာချက်၊ အားနည်းချက် များနှင့် ဌာနဆိုင်ရာများမှ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ (၂၀၁၉)ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက်နေ့မှ(၂၈) ရက်နေ့ အတွင်း မိုင်းဖြတ်မြို့နယ် နှင့် မိုင်းယန်း မြို့နယ်များရှိ အသက်(၉)လမှ၅ နှစ်(၆)လ ကလေးငယ်များအား ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးမည့် လုပ်ငန်းနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။

     တက်ရောက်လာသူများမှ သိလိုသည်များမေးမြန်း၍ ဒုတိယပြည်နယ်ပြည်သူ့ ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်လင်းက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။အဆိုပါ အသိပေးဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုး၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အခြေခံကျန််းမာရေး ဝန်ထမ်းများ စုစုပေါင်း(၅၀)ဦး ခန့်တက်ရောက်ခဲ့ပါသည်။အစည်းအဝေးကို နံနက် (၉)နာရီတွင် စတင်ခဲ့ပြီး နံနက်(၁၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

More Tags