ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် အရှိန်အဟုန်မြှင့်ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်း နေပြည်တော်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချူပ်ဒေါက်တာမြတ်ဝဏ္ဏစိုးမှကြည့်ရှုစစ်ဆေး

နေပြည်တော်၊ အောက်တိုဘာ (၄)ရက်

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချူပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့်အဖွဲ့သည် (၃−၁၀−၂၀၁၈)ရက်နေ့ နေ့လည်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ ပုဏ္ဏမီဂုဏ်ဝေ သီလရှင်စာသင်တိုက်နှင့် ဥတ္တရသီရိမြို့နယ်၊ ရေတွင်းဖြူ(ဘက)ကျောင်းတို့တွင် အရှိန်အဟုန်မြှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ဆောင်ရွက်လျှက်ရှိရာ ပုဏ္ဏမီဂုဏ်ဝေသီလရှင်စာသင်တိုက်တွင် သီလရှင်/ကျောင်းသား စုစုပေါင်း (၁၈၅)ဦး နှင့် ရေတွင်းဖြူ(ဘက)ကျောင်းတွင် ရဟန်း/သာမဏေ/လူပုဂ္ဂိုလ် စုစုပေါင်း (၉၇)ဦးအား တစ်ကိုယ်ရည်သန့်ရှင်းရေး၊ လက်သန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် စနစ်မှန်သွားတိုက်နည်းများကို အသိပညာပေးခြင်း၊ စနစ်မှန် သွားတိုက်နည်းအား လက်တွေ့ပြသခြင်း နှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်း ကလေးများအား ကျန်းမာရေးပညာပေးခဲ့ပါသည်။

 

 

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် မြို့နယ်များ တွင်ရှိသော ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း၊ သာမဏေ၊ သီလရှင်များကို (၂၁.၂.၂၀၁၈) ရက်နေ့မှစတင်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါသည်။

 

 

 

More Tags