ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် အဖွဲ့သည် Facility Quarantine ပြုလုပ်နိုင်ရန်အတွက် နယူးဧရာ Hotel အား သွားရောက်ကြည့်ရှု

နေပြည်တော်၊ ၂၀၂၀ပြည့်နှစ်၊ မတ်လ (၂၄) ရက်

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် COVID-19 ရောဂါပိုးရှိသူနှင့် ထိတွေ့ခဲ့သောသူများအား (၁၄) ရက်ကြာ Quarantine ပြုလုပ်နိုင်ရန်အတွက် ဒက္ခိဏသီရိမြို့နယ်ရှိ နယူးဧရာ Hotel ပိုင်ရှင်မှ ၎င်း၏ ဟိုတယ်အား Facility Quarantine ပြုလုပ်နိုင်ပါကြောင်း ဆက်သွယ်လာပါသဖြင့် နေပြည်တော် ကောင်စီဥက္ကဌ၏ လမ်းညွှန်ညှိနှိုင်းချက်အရ ၎င်းဟိုတယ်တွင် Facility Quarantine ထားရှိနိုင်ရန်အတွက် နေပြည်တော် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ ဒေါက်တာမြတ်ဝဏ္ဏစိုး (ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ ဒေါက်တာအေးအေးမာ (ဒုတိယ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး) နှင့် အဖွဲ့သည် ဟိုတယ်ရှိ တာဝန်ခံ ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းခဲ့ပါသည်။


     ၁၅.၃.၂၀၂၀ ရက်နေ့၊ နံနက် (၅:၃၀) နာရီတွင် Quarter Airline ဖြင့် လိုက်ပါလာသော COVID-19 ရောဂါပိုးတွေ့ရှိသူ အမေရိကန်နိုင်ငံသား ချင်းလူမျိုး ခရီးသည်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် Airport Surveillance ဆောင်ရွက်သည့် တာဝန်ကျ ဆရာဝန် (၇) ဦးနှင့် ၎င်းလူနာနှင့်အတူ လေယာဉ်စီးနင်းလာသည့် Closed Contact တစ်ဦး နှင့် အတူနေထိုင်သူ ကျန်းမာရေးဝန်ထမ်း (၂) ဦး စုစုပေါင်း (၉) ဦးအား Facility Quarantine ပြုလုပ်နိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားလာပါသဖြင့် အဆိုပါဝန်ထမ်း (၉) ဦးအား ၂၄.၃.၂၀၂၀ ရက်နေ့ (၂၀:၀၀) နာရီတွင် နယူးဧရာဟိုတယ်၌ Facility Quarantine အဖြစ် ‌ဆောင်ရွက်ထားရှိကြောင်းနှင့် ဒက္ခိဏသီရိ မြို့နယ်ဆေးရုံ၊ ကျန်းမာ‌ရေးဝန်ထမ်းများမှ အချိန်ပြည့် စောင့်ကြပ်ကြည့်ရှု သွားမည်ဖြစ်ပါသည်။
 

 

 

 
 

More Tags