ပြည်ထောင်စုနယ်မြေ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး သီတင်းပတ် အခမ်းအနားကျင်းပ

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၁၅) ရက်

     ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းအဆင့် ကျောင်းကျန်းမာရေး သီတင်းပတ် အခမ်းအနားကို အထက (၁၁) နေပြည်တော်တွင် (၁၅-၈-၂၀၁၉) ရက်နေ့၊ နံနက် (၉:၀၀) နာရီ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် နေပြည်တော်ကောင်စီ၊ ကောင်စီဝင်ဦးတင်ထွန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

     နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုး၊ နေပြည်တော်ပညာရေးမှူး ဦးမျိုးဝင်းအောင်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစုမွန်မြတ်နှင့် နေပြည်တော်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဌတို့မှ ကာတွန်း၊ ကဗျာ၊ ပန်ချီ၊ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုချီးမြှင့်ပါသည်။ ထို့နောက် ခင်းကျင်းပြသထားသော ပြခန်းငယ်များ၊ ဆုရစာစီစာကုံးနှင့် ကျန်းမာရေးဟောပြောပွဲ အခန်းများအား လှည့်လည်ကြည့်ရှုခြင်း ကျောင်းမုန့်စျေးတန်းများတွင် ကျောင်းမုန့်စျေးဆိုင်စစ်ဆေးခြင်းမှတ်တမ်း (Check List) များဖြင့် စစ်ဆေးထားရှိမှုအခြေအနေများ လှည့်လည်ကြည့်ရှုခြင်း၊ ကျောင်းသား/သူများ၏ Physical Fitness Dance သရုပ်ဖော်ကပြမှုကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းအဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်အခမ်းအနားကို မြို့နယ်များမှ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဆုရ ကျောင်းသား/သူများနှင့် မိဘများ၊ ဆရာ/ဆရာမများ စုစုပေါင်း (၂၁၀) ဦး တက်ရောက်ခဲ့ပါသည်။

More Tags