ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆေးနှင့်ဆေးပစ္စည်း စီမံခန့်ခွဲမှု သတင်းအချက်အလက် ပေးပို့စနစ်၏ လေ့လာဆန်းစစ်ချက် အစည်းအဝေး ကျင်းပပြုလုပ်

နေပြည်တော်၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ပြည်သူ့ကျန်းမာရေးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးဘက်ကျွမ်းကျင် ဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအား ပြည်သူများထံသို့ ဆေးဝါးရရှိသုံးစွဲမှု အလေအလွင့် လျော့နည်းစေရေးအတွက် ဆောင်ရွက်လျက်ရှိသော ဆေးနှင့်ဆေးပစ္စည်း စီမံခန့်ခွဲမှု သတင်းအချက်အလက် ပေးပို့စနစ်အား သင်တန်းများပို့ချခဲ့ပြီး ဆောင်ရွက်မှုအခြေအနေများအား နေပြည်တော် ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက် ဆန်းစစ်ခဲ့ပါသည်။

 

     ထိုသို့ သွားရောက်ဆန်းစစ်ခဲ့ရာတွင် တွေ့ရှိခဲ့သောအချက်အလက်များအား ပြန်လည်ဆန်းစစ်ခြင်း အစည်းအဝေးအား (၂၅-၇-၂၀၁၉) မှ (၂၆-၇-၂၀၁၉) ရက်နေ့များတွင် နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး နေပြည်တော် ကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာမြတ်ဝဏ္ဏစိုးမှ ညှိနှိုင်းဆွေးနွေးပြီး လိုအပ်သည်များကို ပြင်ဆင် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။ ၎င်းအစည်းအဝေးသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်အေးအေးစိန် ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) မှလည်း တက်ရောက်ခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။

More Tags