ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျောင်းကျန်းမာရေး အဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များ ဆောင်ရွက်မှုအခြေအနေ ဆန်းစစ်ခြင်း အသိပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်

     ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျောင်းကျန်းမာရေး အဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များ ဆောင်ရွက်မှုအခြေအနေ ဆန်းစစ်ခြင်း အသိပေး ဆွေးနွေးပွဲကို (၂၉-၇-၂၀၁၉) ရက်နေ့ နံနက် (၉:၃၀) နာရီတွင် နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချူပ်၊ ဒေါက်တာမြတ်ဝဏ္ဏစိုး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များ ဆောင်ရွက်မှု အခြေအနေဆန်းစစ်ခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာနခွဲ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် ကျောင်းကျန်းမာရေးအဖွဲ့တို့ ပူးပေါင်း၍ Check List များဖြင့် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ကျောင်းများတွင် Myanmar Fitness Dance ကို ကာယအချိန်များတွင် ပုံမှန်ဆောင်ရွက်ရန်အတွက် ကျန်းမာရေးဌာနမှ ဝန်ထမ်းများမှ ပံ့ပိုးကူညီဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျောင်းကျန်းမာဌာနခွဲမှ ညွှန်ကြားရေးမှူး(တာဝန်ခံ) ဒေါက်တာစိုးမင်းဦးမှ ကျောင်းကျန်းမာရေး လုပ်ငန်းစဉ်များအကြောင်း အသေးစိတ် ဆွေးနွေးခြင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအဲမွန်ထွန်းမှ ကျောင်းများတွင် ဆန်းစစ်မည့် Check List များနှင့် ဆန်းစစ်မည့်လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းတင်ပြခြင်း၊ လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းတင်ပြခြင်း၊ နေပြည်တော်ပညာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးမှဆန်းစစ်မည့်ကျောင်းများကို မြို့နယ်ပညာရေးမှူးများနှင့် ညှိနှိုင်းရွေးချယ်ခြင်း၊ နေပြည်တော်အားကစားနှင့် ကာယပညာဦးစီးဌာနမှူးမှ Myanmar Fitness Dance ကို ကျောင်းများတွင် ဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆွေးနွေးခြင်း၊ နေပြည်တော်ခရိုင် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကျောင်းမုန့်စျေးတန်းတွင် သန့်ရှင်းလတ်ဆတ်သော အစားအသောက်များ ရောင်းချရန်အတွက် ပညာရေးဌာနမှဆောင်ရွက်ပေးရန် ဆွေးနွေးခဲ့ကြ ပါသည်။

 

     အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကျောင်းကျန်းမာရေးကော်မတီဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျောင်းကျန်းမာရေးဌာနခွဲမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်များမှ ကျောင်းကျန်းမာရေး ကော်မတီဝင်များ စုစုပေါင်း (၄၀) ဦးခန့် တက်ရောက်ခဲ့ပြီး ဆောင်ရွက်ရမည့် လုပ်‌ငန်းစဉ်များအား ညှိနှိုင်းကာ အခမ်းအနားကို နေ့လယ် (၁၂:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

 
 

More Tags