ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန “နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်း(၂၀၁၉)” အသိပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြန်မာနိုင်ငံဆရာဝန်အသင်းဝင်များအား “နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးအစုလိုက်ထိုးနှံခြင်း(၂၀၁၉)” အသိပေးဆွေးနွေးပွဲကို (၂၅-၁၁-၂၀၁၉)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်(၈)မြို့နယ်မှ မြန်မာနိုင်ငံဆရာဝန်အသင်းဝင်များ တက်ရောက်သည်။

 

     ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးက “နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်း (၂၀၁၉)” အသိပေးဆွေးနွေးပွဲ အခမ်းအနားနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယနေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးစုကြည်က “နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်း (၂၀၁၉)” နှင့် ပတ်သက်သည်များကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ၎င်းနောက် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးမှ အကြံပြုရှင်းလင်းခြင်းနှင့် တက်ရောက်လာသူများမှ တစ်ဦးချင်းဆွေးနွေးခြင်းများပြုလုပ်ပြီး အခမ်းအနားကိုနေ့လည် (၁၂:၀၀)နာရီ တွင်ရုတ်သိမ်းလိုက်သည်။

More Tags