ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် “နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်း(၂၀၁၉)” ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် “နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်း (၂၀၁၉)”ဖွင့်ပွဲအခမ်းအနားအား (၂၆-၁၁-၂၀၁၉) ရက်နေ့ နံနက်(၉:၀၀) နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မင်္ဂလာဗျူဟာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။ အဆိုပါအခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဉက္ကဌ ဒေါ်သက်သက်ဇင်၊ ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များနှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ အခြားနှီးနွယ်ဌာနများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ဗဟို၊တိုင်းနှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့များမှ ကိုယ်စားလှယ်များ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်သည်။

 

     ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းနှင့် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ၊ ပြည်တော်ကောင်စီဝင် ဦးတင်ထွန်းက အဆိုပါအခမ်းအနားနှင့် ပတ်သက်၍အဖွင့်အမှာစကား ပြောကြားသည်။

 

     ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များမှ ပြခန်းငယ်များအားလှည့်လည်ကြည့်ရှုပြီး ကလေးများအား ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ကြည့်ရှုအားပေး၍ အခမ်းအနားကို နံနက် (၁၀:၃၀) နာရီတွင် ရုတ်သိမ်းလိုက်သည်။

More Tags